Sandar Min on Myanmar’s new FDI Law by Radio Free Asia

Burma passes legislation in an effort to attract foreign business.

AFP

Employees work at a gas station in Rangoon, July 12, 2012.

Burmese lawmakers on Friday passed an eagerly awaited foreign direct investment (FDI) law which is expected to help bring the economy of the impoverished nation up to speed after decades of stagnation under military rule.

The law, which was approved on the last day of the parliament’s current session, omitted several requirements present in an earlier draft, including a U.S. $5 million minimum initial investment and clause limiting foreign firms to 49 percent of any joint venture.

The new FDI law still requires Burmese President Thein Sein’s signature before it can go into effect.

Sandar Min, a member of parliament from opposition leader Aung San Suu Kyi’s National League for Democracy opposition party, praised the law’s passage, but warned that further legislation was needed to strengthen Burma’s investment environment.

“The Parliament passed the foreign direct investment law today,” she said.

“It changes two factors, on which no consensus could be reached. One sets the level of initial investment according to the nature of the business, and the other allows foreign investors to invest up to a 50 percent stake in a joint venture.”

Another provision in the new law allows foreign investors to lease land for up to 50 years with the option to renew. Under the previous system, investors could only sign a lease for 35 years.

Sandar Min said that the commission that will oversee and make recommendations on FDI in the country will include experts from nongovernmental organizations and from various types of business industries.

“Where there is 100 percent foreign investment, the commission will recommend how much the required [initial minimum] investment should be, based on the nature of the investment,” she said.

“It will not be a fixed amount as required [in the original draft].”

Recommendations will be sent to parliament via the federal government, she said, meaning that the commission will not have the sole authority to make decisions over large investments by foreign companies.

Read More at Radio Free Asia

ဒုဝန်ကြီးတွေ မလိုအပ်ပဲ ၂ ဦး မခန့်သင့်ပါဘူး။

ဒီကနေ့လွှတ်တော်နဲ့ ပတ်သက်ပြီး ဒေါ်စန္ဒာမင်းက

ဝန်ကြီးတွေထပ်တိုးသင့်သလား/ လျော့သင့်သလား 5.9.2012

ဒီနေ့ပြည်ထောင်စုလွှတ်တော်မှာ ၀န်ကြီးဌာန (၃၆) ခုအဖြစ်တိုးချဲ့လာပြီး ၀န်ကြီးတွေလဲ ၃၆ ပါး ဖြစ်လာပါတယ်။ တချို့ဌာနမှာ ဒုဝန်ကြီး ၂ ပါးရှိပါ ဖြစ်နေပါတယ်။ သမ္မတကြီးရဲ့ အောက်မှာ ဒုသမ္မတ ၂ ဦးရှိပါတယ်။ သမ္မတရုံးမှာလည်း  သမ္မတရုံးဝန်ကြီး ၂ နေရာမှ သမ္မတရုံးဝန်ကြီးဌာန (၂) ခုတိုးလာပါတယ်။ ၀န်ကြီးတွေ ဖောင်းပွနေပါတယ်။ ၀န်ကြီးတွေ  ထပ်တိုးရင် အဆောင်အယောင်တွေ ပေးရပါပြီ။ နိုင်ငံတော်ဘဏ္ဍာငွေသုံးရပါပြီ (လိုအပ်ပါသလား) ၀န်ကြီးတွေထပ်မတိုးပဲ ဒီဝန်ကြီးတွေ မကျွမ်းကျင်ရင် ပညာရှင်တွေ ကူညီဖို့ ခန့်သင့်ပါတယ်။ တိုင်းနှင့်ပြည်နယ်မှာ တိုင်းရင်းသားဝန်ကြီးတွေ ရှိပါတယ်။ ဒါပေမယ့် ဗဟိုအဆင့်ဝန်ကြီးဌာန မရှိလို့ ချိတ်ဆက်ဆောင်ရွက်လို့မရပါ။ လုပ်ပိုင်ခွင့်တွေမရှိပါ (ကျောက်ဖြူကိုယ်စားလှယ်ပြောကြားချက်)  နိုင်ငံတော်မှာ ၀င်ငွေနည်းလည်း ကမ္ဘာဘဏ်နှင့်ချမ်းသာတဲ့နိုင်ငံတွေက ငွေတွေ ချေးပြီး သုံးနေရတဲ့ အခြေအနေမှာ ၀န်ကြီးဌာနတွေကို ကျစ်လစ်စွာဖွဲ့စည်းသင့်ပါတယ်။ ဒုဝန်ကြီးတွေ မလိုအပ်ပဲ ၂ ဦး မခန့်  သင့်ပါဘူး။ ခန့်ထားတဲ့ ဒုဝန်ကြီးများရဲ့ အရည်အချင်းတွေက ဘယ်လိုလဲ? ဘာကြောင့် သူတို့ကိုခန့်ထားရတယ်? ၀န်ကြီး  ခန့်လောက်အောင် တိုင်းပြည်အတွက် ဘာတွေစွမ်းဆောင်ခဲ့တယ်ဆိုတာ လွှတ်တော်ကိုတင်ပြသလို လူထုကိုလည်းတင်ပြ သင့်ပါတယ်။ ဒါမှလည်း လူထုတွေဆီက ဒီဝန်ကြီးတွေရဲ့ လုပ်ဆောင်ခဲ့တဲ့ ၀န်ကြီးမဖြစ်ခင် သမိုင်းကြောင်းနဲ့ သူတို့ရဲ့  အကျင့်စာရိတ္တကို ဝေဖန်ဆန်းစစ်နိုင်မှာပါ၊ စောင့်ကြည့်နေနိုင်မှာပါ။

ပြည်သူလွှတ်တော်မှာလည်း မတ်တတ်ရပ်ခိုင်းပြီ

3.9.2012

ပြည်သူလွှတ်တော်မှာလည်း မတ်တတ်ရပ်ခိုင်းပြီ

ဒီနေ့ လွှတ်တော်မှာ ဦးအောင်သိန်းလင်း တင်ပြသော စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍၎င်း၊ ကုမ္မဏီအမည်ဖောက်၍၎င်း  ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမ္မဏီမှ သီးစားခယူနေခြင်းများရှိပါသဖြင့် လယ်ယာမြေကို လုပ်ကိုင်နေသူများ  လယ်သမားများကိုသာ ဦးပိုင်အမည်ဖောက်သတ်မှတ်၍ လုပ်ကိုင်ခွင့်ချထားပေးသင့်ကြောင်း အဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့်ဆုံးဖြတ်ရာ လွှတ်တော်၌် တစ်ခါမှမကြုံစဖူး ၎င်းအဆိုကို ကန့်ကွက်သူပေါ်လာပါတယ်။ ၎င်းကန့်ကွက်သူကတော့ NLD က ဦးစိန်ဝင်းပါ။ သူကပြန်ရှင်းပြတာက နိုင်ငံတစ်ဝှမ်းလုံးရှိ စားကျက်မြေများကို လယ်မြေအဖြစ်မသိမ်းပိုက်သင့်ကြောင်း ဥပဒေအကိုးအကားဖြင့် ကန့်ကွက်သွားပါတယ်။ ဒါကြောင့် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် မတ်တတ်ရပ်ခိုင်းပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အများစုက မတ်တတ်ရပ်ပြီး NLD အမတ်များကတော့ တစ်ယောက်မှ မရပ်ကြပါ။ လွှတ်တော်တက်ရောက်သူ (၃၈၈)ဦး မှ ထောက်ခံသူ (၁၇၇) ဦးရှိသဖြင့် အဆိုကိုဆွေးနွေးရန် အတည်ပြုခဲ့ပါသည်။ ဒါကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များဟာ စားကျက်မြေကော မည်သည့်မြေအမျိုးအစားဖြစ်ဖြစ် သိမ်းယူချင်နေတာကို ထောက်ခံကြောင်းပြသရာရောက်ပါတယ်။

 

အမိန့်အမှတ် ၂/၂၀၁၂

ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များမှ စုံးစမ်းစစ်ဆေးရေးဥက္ကဌနှင့် အဖွဲ့ဝင်များကို ဥက္ကဌ (ဦးနန္ဒကျော်စွာ) အား ကန့်ကွက်ကြောင်း အမိန့်အမှတ် ၁/၂၀၁၂ ကို ပို့လိုက်ပါသည်။ ဦးနန္ဒကျော်စွာ ဥက္ကဌ အနေဖြင့် ဆောင်ရွက်နေလျှင် တရားမျှတမှုရှိမှာမဟုတ်ကြောင်း အကြောင်းကြားလာသဖြင့် ပြည်သူ့လွှတ်တော်အနေနှင့် အမိန့်အမှတ် ၂/၂၀၁၂ ဖြင့် ခုံရုံးမှ ကန့်ကွက်သူများ၏ ဆန္ဒအရ၎င်း ၎င်းတို့၏ ဂုဏ်သိက္ခာကို ထောက်ရှု့ခြင်းဖြင့်၎င်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌအား ဦးနန္ဒကျော်စွာ၏နေရာတွင် (ဦးသိန်းဆွေ) ဖြင့် အစားထိုးပြောင်းလဲခဲ့ပါသည်။

ဥပဒေတွေအမြန်ဆုံးပေါ်ထွက်လာဖို့

ဒီကနေ့ ၂၉.၈.၂၀၁၂ ရက်နေ့ လွှတ်တော်အခြေအနေနှင့် ပတ်သက်ပြီး

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက

(၁) ဥပဒေတွေအမြန်ဆုံးပေါ်ထွက်လာဖို့

ပြည်သူ့အကျိုးကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ ပေါ်ထွက်လာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေများ မြန်မြန်ဆန်ဆန်ထွက်ပေါ်လာရေးအတွက် သက်ဆိုင်ရာရှေ့နေချုပ်ရုံးမှာ တာဝန်ရှိပါတယ်။ နိုင်ငံနှင့် နိုင်ငံသားများအကျိုးပြုစေမဲ့ ဥပဒေများ အမြန်ဆုံးပေါ်ထွက်လာရေးအတွက် ကျိုးစားဖို့လိုပါတယ်။ လွှတ်တော် ဘက်မှ ကျိုးစားမှု လွန်တောင်နေပါသေးတယ်။ ဒါကြောင့် ပြည်သူတွေအား ကာကွယ်စောင့်ရှောက်မည့် ဥပဒေ များ ရေးဆွဲရေးအတွက် ဘတ်ဂျက်လည်းလုံလောက်မှုရှိပါတယ်ဟု ကျမတို့ရဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌကြီးက ပြောကြားလိုက်ပါတယ်။

(၂) တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးများရဲ့လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို သတ်မှတ်ပေးရန်

တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးများဟာ မိမိဒေသအကြောင်း သက်သေလက်မှတ်ထိုးပေးရတဲ့အဆင့်သာရှိနေ ပါတယ်လို့ (ဦးစိုင်းသိန်းအောင်  –   တာချီလိတ်မဲဆန္ဒနယ်) မှပြောပါတယ်။

မူလတန်းကျောင်းခွဲလေးတစ်ကျောင်  ဖွင့်ဖို့တောင် တိုင်းဒေသကြီး ၀န်ကြီးတွေမှာ လုပ်ပိုင်ခွင့်မရှိပါဘူးလို့   (ဦးအေး  –  ဟုမ္မလင်းမဲဆန္ဒနယ်) မှပြောပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၏ တာဝန်များဟာလွန်စွာကျယ်ပြန့်ကြောင်းတွေ့ရ/ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ အခွင့်အာဏာကို ဥပဒေဖြင့် ပြဌာန်းထားပါတယ်/ နည်းဥပဒေထုတ်ပြန်      ပြန်လျှင်လည်း အခွင့်အာဏာကို ကန့်သတ်ရာရောက်မှာ စိုးပါတယ်လို့ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းက ပြောပါတယ်။

ဒေါ်နန်းဝါနု၏ ပြောဆိုချက်မှာ ဒီနေ့ ဥပဒေများဟာ ပြည့်စုံလုံလောက်မှု မရှိပါဘူးဟု ပြောပါတယ်။

ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြဌာန်းထားသော ကိစ္စရပ်များကို ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်များကို တိကျစွာ ပိုင်းခြားဆောင်ရွက်သင့်သည်ဟု လွှတ်တော်  ဥက္ကဌ မှ သုံးသပ်တင်ပြသွားပါတယ်။

(၃) လွှတ်တော် Calendar ရှိဖို့လိုပြီ

ကျမတို့ လွှတ်တော်ကြီးပိတ်ပြီး အိမ်ပြန်ရမဲ့ အချိန်တွေကို မျှော်နေမိတယ်။

ဒီလကုန်လည်း မပိတ်သေးဘူးတဲ့၊ နောက်လဆန်း ပထမပတ်အထိ လွှတ်တော်ဆက်လက်ကျင်းပမယ်လို့ သတင်းတွေ ရနေတာပဲ။

တော်တော်ပင်ပန်းနေပါပြီ/ အိမ်ပြန်ပြီးခဏတော့နားချင်တယ်။ ပြီးရင် မိမိတာဝန်ကျရာ ဒေသဖွံ့ဖြိုးရေးကို ဆက်လုပ်ရအုံးမယ်၊ ခရီးတွေလည်းထွက်ချင်သေးတယ်။ လွှတ်တော်ဟာ ဘယ်အချိန်မှာစလို့ ဘယ်အချိန်မှာ ပြီးဆုံးမယ် မသိတော့ ဘာအစီအစဉ်မှ လုပ်လို့မရပါဘူး။ ဒါကြောင့် လွှတ်တော် Calendar ရှိသင့်တာပေါ့။

ထင်သလိုမချိုးဖောက်နိုင်အောင်လည်း ကျမတို့စောင့်ကြည့်ရပါမယ်။

ဒီကနေ့ ၂၈.၈.၂၀၁၂ ရက်နေ့ လွှတ်တော်မှာ MIC Law နဲ့ ပတ်သက်ပြီး ဒေါ်စန္ဒာမင်းမှ

ဒီနေ့တော့ မနက်ပိုင်း ဥပဒေကြမ်းကော်မတီနဲ့ပူးပေါင်းပြီး MIC Law ရေးဆွဲဖို့ အစည်းအဝေးလုပ်ရပါတယ်။ UMFCCI က ဥက္ကဌ ဦးဝင်းအောင် ဦးဆောင်ပြီး စီးပွားရေး လုပ်ငန်းရှင် အချို့လည်း လွှတ်တော်သို့လာရောက်ဆွေးနွေးကြပါတယ်။   မြန်မာနိုင်ငံသားများရင်းနှီးမြှပ်နှံမှုဥပဒေဟာ ကျမတို့ နိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအတွက် ဥပဒေကြမ်းရေး ဆွဲရတာပါ။ အိမ်နီးချင်းနိုင်ငံများမှာတော့ (FDI Law နှင့် MIC Law) ဟာသီးသန့် မရှိပဲ တစ်ခုထဲပေါင်းစည်းထားတဲ့ ဥပဒေ ရှိတာပါ။ ကျမတို့ နိုင်ငံမှာတော့ ဒီဥပဒေတွေဟာ ၁၉၉၄ ခုနှစ်မှ စ၍ ပြဌာန်းထားသော်လည်း တကယ်တန်းတော့ မြန်မာနိုင်ငံ သားစီးပွားရေးလုပ်ငန်းရှင်တွေကို မကာကွယ်နိုင်ပါဘူး။ ယခင်အစိုးရ လက်ထက်မှာ ဒီဥပဒေနဲ့ နိုင်ငံသားစီးပွားရေးလုပ်ငန်း တွေလုပ်ပေမဲ့ ယခင်အစိုးရ ဥပဒေကို အချိန်မရွေး ချိုးဖောက်ပါတယ်။ ဒါကြောင့် ဒီနေ့ ဒီအချိန်ခါမှာတော့ ဒီဥပဒေတွေကို  ခိုင်ခိုင်မာမာ ဖြစ်အောင်ရေးဆွဲရာမှာ ပါဝင်ပြီးတော့ ကျမတို့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ရမှာပါ အစိုးရဘက် က ဥပဒေတွေကို သူကြိုက်တဲ့အချိန်မှာ ထင်သလိုမချိုးဖောက်နိုင်အောင်လည်း ကျမတို့စောင့်ကြည့်ရပါမယ်။

ယနေ့လွှတ်တော်တွင်းမှာ ကျန်းမာရေးဒုတိယ၀န်ကြီးကယခုလိုပြောပါတယ်

အတွင်းတိမ်လူနာများအား ခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့ပါတယ်တဲ့ ?

လစဉ်/အပတ်စဉ် မျက်စိဝေဒနာရှင်များအား စောင့်ရှောက်ပေးနေပါတယ်တဲ့ ?

မျက်မမြင်ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပါတယ်တဲ့ ?

ကျန်းမာရေးဆေးပေးခန်းများတွင် မျက်စိရောဂါကို ကာကွယ်ရေးအတွက်တိုးမြင့်ဆောင်ရွက်ပေးနေပါတယ်တဲ့ ?

၎င်းအဆိုများ အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ၏ ဆုံးဖြတ်ချက်မှာ

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် အခြားဒေသရှိ ပြည်သူများ၏ မျက်စိဝေဒနာများစွာ ခံစားနေရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန် အဆိုကို အတည်ဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ တကယ်ကိုမျက်စိဝေဒနာများ ကုသပေးနိုင်ပါစေ။

ညနေပိုင်း ၅း၀၀ နာရီမှာတော့ တောင်ကိုရီးယား  Korean House fan International solidarity မှ Ms Kang Eun Ji    နှင့် NLD  လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း၊ ဦးဝင်းထိန်၊ ဦးအုန်းကြိုင်၊ ဒေါက်တာဦးဇော်မြင့်မောင်တို့နှင့် အတူ လွှတ်တော်အတွင်း ဆောင်ရွက်မှုများ/လက်ရှိနိုင်ငံရေးအခြေအနေများ ဆွေးနွေးကြသည်။

 

 

အရပ်သားလွှတ်တော်ကိုယ်စားလှယ်များရဲ့ လက်ခုပ်သံတွေကတော့ လွှတ်တော်ထဲမှာ ပိုကျယ်လောင်နေ

ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် (27.8.2012)

ယနေ့တော့ ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံးရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၂၂)ဦး ဆွေးနွေးခဲ့ကြပါတယ်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က
တကယ်တန်းတော့ ကျမတို့ NLD မှ ပြည်သူတွေကိုပေးတဲ့ message ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးပါ။ဒါပေမယ့် ဒီကိစ္စမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးထက်
အခြေခံဥပဒေခုံရုံး၏ဆုံးဖြတ်ချက် မှားယွင်းကြောင်းဝန်ခံရန် ထောက်ခံခဲ့ပါတယ်။   ဒီကိစ္စမှာ လွှတ်တော်တွင်းမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသားပါတီများနှင့် NLD တို့တစိတ်တ၀မ်းထဲ  သဘောထားထဲ ထောက်ခံဆန္ဒမဲပေးခဲ့ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်များကတော့
အဆိုကိုထောက်ခံတဲ့ထဲမှာ မပါဝင်ခဲ့ပါ။
လွှတ်တော်ကိုယ်စားလှယ်များအားလုံးရဲ့ တူညီစွာထွက်တဲ့ အသံတစ်ခုကတော့ ပြည်ထောင်စုဝန်ကြီးများကဲ့သို့ သိန်း ၃၀၊ ၄၀ ၊ ကားတစ်စီးပေးစရာမလိုပါ။ လုပ်ပိုင်ခွင့် ရရှိရန်
အတွက်သာ ပြည်ထောင်စုအဆင့် တောင်ဆိုခြင်းဖြစ်ပါတယ်။ ကျမတို့ NLD တွေကတော့ အားလုံးနီးပါးလောက်ဟာ ထောင်ထဲကတိုက်တွေထဲက ထွက်လာကြသူတွေဖြစ်လို့
အဆောင်အယောင်လုံးဝမရှိပဲ ထောင်ထဲတိုက်လိုပုံစံရှိတဲ့ စည်ပင်ဧည့်ရိပ်သာက အခန်းလေးထဲမှာနေပြီး လွှတ်တော်ကို ဖယ်ရီကားစီးပြီး ပြည်သူတွေအတွက် လုပ်ဆောင်ခွင့်ရရှိ
နေတာကိုပဲ ကျေနပ်လှပါပြီ။ အဆောင်အယောင်တွေနဲ့ နေရင် ပြည်သူတွေဘ၀နဲ့ကင်းကွာသွားမှာပေါ့။
အဆိုတွေကို ဆွေးနွေးကြတဲ့ တပ်မတော်သားကိုယ်စားလှယ်များထဲမှာ အဆိုကိုရုပ်သိမ်းခိုင်းသူ၊ ပြန်လည်ညှိုနှိုင်းဆွေးနွေးခိုင်းသူ၊ ဘယ်ဘက်မှမလိုက်ပဲကြားနေသူများအဖြစ်
လည်း ဆွေးနွေးသွားကြပါတယ်။ အရပ်သားလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးအပြီးမှာ လက်ခုပ်တီးရင် တပ်မတော်သားကိုယ်စားလှယ်များက လက်ခုပ်မတီးပါဘူး။
တပ်မတော်သားကိုယ်စားလှယ်များ ဆွေးနွေးအပြီးမှာ အရပ်သားလွှတ်တော်ကိုယ်စားလှယ်များက လက်ခုပ်မတီးပါဘူး။ ဒါပေမယ့် အရပ်သားလွှတ်တော်ကိုယ်စားလှယ်များရဲ့
လက်ခုပ်သံတွေကတော့ လွှတ်တော်ထဲမှာ ပိုကျယ်လောင်နေပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ ၎င်းအဆိုကို ထောက်ခံမဲ ၄၄၇ မဲ၊ ကန့်ကွက်မဲ ၁၆၈ မဲ၊ ကြားနေမဲ ၄ မဲနဲ့
လွှတ်တော်က အဆိုကို အတည်ပြုပေးလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှ NLD အနေနဲ့ မီးလောင်ရာလေပင့် မလုပ်ချင်ပါဘူး။တစ်ဖက်နဲ့တစ်ဖက် အဖြေတစ်ခုကိုရသည့် အထိညှိုနှိုင်းဆွေးနွေးသွားဖို့ အကြံပြုတင်ပြပါတယ်။

ငွေကြေးမတတ်နိုင်၍ ဆင်းရဲ ချို့တဲ့နွမ်းပါးသော ကလေးများအား အခမဲ့ ပညာသင်ကြားပေးရန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်ရုံး) တွင် အမေ့အိမ် အခမဲ့အလွတ်ပညာသင်ကျောင်းများရှိ ဆရာ/ဆရာမ များအတွက် မူလတန်းဆင့် သင်ကြားမှုစွမ်းရည်မြင့်မားရေး လုပ်ငန်းဆွေးနွေးပွဲ (၁၀) ရက် သင်တန်းတက်ရောက်ကြသူများမှာ နေပြည်တော် (၄)မြို့နယ်ရှိ ပညာတတ် အလုပ်လက်မဲ့ လူငယ်များ ဖြစ်ကြသည်။ ၎င်းလူငယ်များအား သင်တန်းများပေး၍ မိမိတို့ကျေးရွာများရှိ ငွေကြေးမတတ်နိုင်၍ ဆင်းရဲ ချို့တဲ့နွမ်းပါးသော ကလေးများအား အခမဲ့ ပညာသင်ကြားပေးရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။     ၂၅.၈.၂၀၁၂ ရက်နေ့ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဒေါ်စန္ဒာမင်း တက်ရောက်အမှာစကား ပြောကြားပြီး သင်တန်းဆင်း လူငယ်များအား ရှေ့ဆက်လုပ်ငန်းများကို မှာကြားခဲ့သည်။

 

NLD ဥပဒေပညာရှင်များမှ အခမဲ့ ကူညီဆောင်ရွက်ပေးလျှက်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်ရုံး) တွင် မြန်မာတစ်နိုင်ငံလုံးရှိ မြေယာသိမ်းဆီးခံရသောကိစ္စနှင့် ပတ်သက်၍ အမှုလာရောက်တိုင်ကြားသူများအား ဥပဒေလမ်းကြောင်းများအရ NLD ဥပဒေပညာရှင်များမှ အခမဲ့ ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။ တစ်နေ့လျှင်မြန်မာတစ်နိုင်လုံးမှ အမှုသည် (၇၀) မှ(၁၀၀) ကြားထိလာရောက် ကြပါသည်။

ရေစီးရေလာကောင်းမွန်သော ရေမြောင်းများ တူးဖော်ရေးအတွက်

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း မိုးရွာသွန်းမှုကြောင့် ရေလျှံမှုဖြစ်ပေါ်နေသော    ရွှေကြာပင်ရပ်ကွက်သို့သွားရောက်ကြည့်ရှုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံကာ  ရေမြောင်းများအတွင်း  ပိတ်ဆို့နေသော အမှိုက်များရှင်းလင်းရေးနှင့် ရေစီးရေလာကောင်းမွန်သော ရေမြောင်းများ တူးဖော်ရေးအတွက် လိုအပ်သောအကူအညီများကို စည်ပင်သာယာရေးနှင့် ညှိနှိုင်းပြီး မိမိမှ တတ်နိုင်သည်များကို ကူညီဆောင်ရွက်  ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ လိုအပ်ကြောင်း

၁၂.၈.၂၀၁၂

ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ရွှေကြာပင်ရပ်ကွက်ရှိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ယာယီမြို့နယ်ရုံးတွင်) မြို့နယ်အတွင်းရှိပါတီဝင်များနှင့်တွေ့ဆုံပြီး (၁၅.၈.၂၀၁၂)ရက်နေ့တွင်ဖွင့်လှစ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်ရုံး) ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ရုံးခန်းဖွင့်ပြီး နောက်ပိုင်းတွင် လူမှုအထောက်အကူ အနေဖြင့်ရှေ့နေများရုံးထိုင်မှာဖြစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရသည့်ကိစ္စများ၊အလုပ်သမားရေးရာကိစ္စများနှင့် မတရားမှုများမဆို ဆွေးနွေးတိုင်ပင် အကူအညီ တောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး မည်သည့်ကိစ္စကိုမဆို ပြုမူဆောင်ရွက်သည့်အခါတွင် ပါတီဝင်များအနေဖြင့် ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏  ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ လိုအပ်ကြောင်း အထူးပြောကြားခဲ့ပါသည်။